သူဌေးနှင့် လာဇရု
19 "တစ်ခါက သူဌေးတစ်ဦးသည် ကမ္ဗလာနီနှင့် ပိတ်ချောကို နိ့တိုင်းဝတ်ဆင်၍ စည်းစိမ်ခံစားနိန်၏။ 20 လာဇရုနာမည်ဟိသော သူဆင်းရဲတစ်ယောက်သည် ခန္ဓာတစ်ခုလုံး သွီးစုနာပေါက်၍ သူဌေး၏ အိမ်တန်းခါးနား၌ တုံးလုံးလဲ နိန်၏။ 21 သူသည် သူဌေးစားပွဲမှကျသော စားကြွင်းစားကျန်တိကို စားရဖို့ တောင့်တနိန်၏။ ခွီးတိကလည်း သူ၏ သွီးစုနာတိကို လာ၍ လျက်နိန်ကြ၏။
22 "ဆင်းရဲသားသည် သီလွန်၍ ကောင်းကင်တမန်ရို့သည် သူ့ကို အာဗြဟံ၏ ရင်ခွင်ပါးသို့ ယူဆောင်လားကြ၏။ သူဌေးကလည်း သီဆုံး၍ သင်္ဂြိုဟ်ခြင်းကို ခံရ၏။ 23 သူသည် မရဏာနိုင်ငံတွင်၁၆.၂၃ မရဏာနိုင်ငံ၊ လူသီရို့၏ ကမ္ဘာ။ ဝေဒနာကို ပြင်းစွာ ခံစားနိန်သောကြောင့် အထက်သို့ မျှော်ကြည့်လိုက်သောအခါ အဗြဟံကိုလည်းကောင်း၊ အာဗြဟံရင်ခွင်၌ လာဇရုကိုလည်းကောင်း မြင်ရလေ၏။ 24 ထို့ကြောင့် သူဌေးကလည်း၊ ‘အဖအာဗြဟံ၊ အကျွန့်ကို သနားပါ။ အကျွန်သည် ဤမီးတောက်ထဲ၌ ဝေဒနာကို ပြင်းထန်စွာ ခံစားနိန်ရပါ၏။ လာဇရု၏ လက်ဖျားကို ရီမှာနှိုက်ပြီး အကျွန့်လျှာကို အီးစီဖို့ သူ့ကို အကျွန်ပါးသို့ ရွှတ်ပီးပါ’ ဟု အော်ဟစ် ပြောဆိုလေ၏။
25 "သို့သော်လည်း အာဗြဟံက၊ ‘ငါ့သား၊ သင်သည် အသက်ရှင်နိန်စဉ်က သုခချမ်းသာ ခံစားရပြီး လာဇရုက ဆင်းရဲဒုက္ခ ခံခရသည်ကို အောက်မိ့ပါ။ အဂုမှာ သူသည် သက်သာခြင်းကို ခံစားရပြီး သင်ကား ဒုက္ခဝေဒနာ ခံစားနိန်ရ၏။ 26 ထိုမျှမက သင်နှင့် ငါရို့စပ်ကြားတွင် အသူရာချောက်ကြီးတစ်ခု ဟိသဖြင့် သင်ရို့ဖက်မှ ငါရို့ဖက်သို့ လည်းကောင်း၊ ငါရို့ဖက်မှ သင်ရို့ဖက်သို့ လည်းကောင်း ကူးချင်သော်လည်း မကူးနိုင်ကြ’ ဟု ပြန်ပြော၏။ 27 သူဌေးက၊ ‘အဖအာဗြဟံ၊ ဤသို့ဆိုလျှင် လာဇရုကို အကျွန့်အဖအိမ်သို့ ရွှတ်ပီးဖို့ တောင်းပန်ပါ၏။ 28 အကြောင်းမူကား အကျွန့်မှာ ညီငါးယောက် ဟိပါ၏။ သူရို့သည်လည်း ဝေဒနာခံစားရသော ဤအရပ်သို့ မရောက်စီရန် သူ့ကို သတိပီးခိုင်းလိုက်ပါ’ ဟု တောင်းဆိုလေ၏။
29 "အာဗြဟံကလည်း၊ ‘သင်၏ ညီအစ်ကိုတိကို သတိပီးရန် မောသျှေမှစ၍ ပရောဖက်တိ ဟိကြ၏။ ထိုသူရို့စကားကို နားထောင်ကတ်ပါစီ’ ဟု ဆို၏။ 30 သူဌေးကလည်း၊ ‘အဖအာဗြဟံ၊ ထိုသို့ မဟုတ်ပါ။ သီလားခသောလူထဲက တစ်ယောက်သည် ထမြောက်၍ သူရို့ပါးသို့ လားလျှင် သူရို့သည် အပြစ်မှ နောင်တရကြပါလိမ့်မည်’ ဟု ပြောလေ၏။ 31 အာဗြဟံကလည်း ‘သူရို့သည် မောသျှေနန့် ပရောဖက်စကားတိကို နားမထောင်လျှင်၊ တစ်ယောက်သောသူသည် သီဆုံးခြင်းမှ ထမြောက်သော်လည်း သူရို့ ယုံကြည်ကြလိမ့်မည် မဟုတ် ဟု ဆိုလေ၏’" ဟူ၍ မိန့်တော်မူလေ၏။