ယေသျှုနှင့်ဇက္ခဲ
1 ယေသျှုသည် ယေရိခေါမြို့ကို ဖြတ်၍ ကြွတော်မူ၏။ 2 ထိုအရပ်တွင် ဇက္ခဲဟု နာမည်ဟိသော ချမ်းသာကြွယ်ဝသူ အခွန်ခေါင်းတစ်ယောက်ဟိ၏။ 3 သူက ယေသျှုသည် ဇာသူဖြစ်ကြောင်းကို တွိ့မြင်လိုသဖြင့် ကြိုးစား၍ ကြည့်၏။ သို့ရာတွင် အရပ်ပုသူဖြစ်သဖြင့် လူထုပရိသတ်ကြောင့် ကိုယ်တော့်ကို မမြင်နိုင်။ 4 ထို့ကြောင့် ယေသျှုကို တွိ့မြင်နိုင်ရန် ကြွတော်မူမည့်လမ်းအတိုင်း ရှိ့သို့ ဗြီး၍ သဖန်းပင်တစ်ပင်ထက်သို့ တက်လေ၏။ 5 ယေသျှုသည် ထိုနီရာသို့ ရောက်သောအခါ မော်၍ ကြည့်တော်မူပြီးလျှင်၊ "ဇက္ခဲ၊ အယင် ဆင်းလာ၊ ဤနိ့ သင့်အိမ်၌ ငါတည်းခိုမည်" ဟု မိန့်တော်မူ၏။
6 ဇက္ခဲသည် အယင်ဆင်းလာပြီးလျှင် ကိုယ်တော့်ကို ဝမ်းမြောက်စွာဖြင့် ကြိုဆိုလေ၏။ 7 ဤအခြင်းအရာကို လူတိက မြင်သောအခါ "ဤသူသည် အပြစ်သားတစ်ယောက်၏အိမ်၌ တည်းခိုရန် လားပါသည်တကား" ဟု စတင်၍ ကဲ့ရဲ့ပြစ်တင်ကြ၏။
8 ဇက္ခဲသည်ရပ်လျက် သခင်ဘုရားအား၊ "အသျှင်၊ နားထောင်ပါ၊ အကျွန်၏ဥစ္စာတစ်ဝက်ကို ဆင်းရဲသားရို့အား ပီးကမ်းပါမည်။ တဦးတစ်ယောက်ပါးက မတရား တောင်းယူထားမိ့သော ငွီ ဟိပါလျှင် ထို ငွီ၏ လေးဆကို ပြန်ပီးပါမည်" ဟု လျှောက်လေ၏။
9 ယေသျှုကလည်း၊ "အာဗြဟံ၏ သားဖြစ်ခြင်းကို သူ၏ အပြုအမူအားဖြင့် ပြသောကြောင့် ကယ်တင်ခြင်းသည် ဤနိ့ပင် ဤအိမ်ထက်သို့ သက်ရောက်လီဗျာယ်။ 10 ၁၉.၁၀ မ ၁၈.၁၁လူသားသည် ပျောက်ဆုံးသူတိကို ရှာဖို့နန့် ကယ်တင်ဖို့ရန် ကြွလာခြင်းဖြစ်သည်" ဟု ဇက္ခဲအား မိန့်တော်မူ၏။