8 ဇက္ခဲသည်ရပ်လျက် သခင်ဘုရားအား၊ "အသျှင်၊ နားထောင်ပါ၊ အကျွန်၏ဥစ္စာတစ်ဝက်ကို ဆင်းရဲသားရို့အား ပီးကမ်းပါမည်။ တဦးတစ်ယောက်ပါးက မတရား တောင်းယူထားမိ့သော ငွီ ဟိပါလျှင် ထို ငွီ၏ လေးဆကို ပြန်ပီးပါမည်" ဟု လျှောက်လေ၏။
9 ယေသျှုကလည်း၊ "အာဗြဟံ၏ သားဖြစ်ခြင်းကို သူ၏ အပြုအမူအားဖြင့် ပြသောကြောင့် ကယ်တင်ခြင်းသည် ဤနိ့ပင် ဤအိမ်ထက်သို့ သက်ရောက်လီဗျာယ်။