ယေသျှုဖွားမြင်ခြင်း
1 ထိုကာလ၌ ဧကရာဇ်ဘုရင် သြဂုတ္တုသည် ရောမအင်ပါယာတစ်ခုလုံးကို သန်းခေါင်စာရင်း ကောက်ယူရန် အမိန့်တော်ထုတ်လေ၏။ 2 ဤသည်ကား ကုရေနိသည် ယှုရိဘုရင်ခံဖြစ်သောအခါ ပထမဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ခြင်း ဖြစ်၏။ 3 သို့ဖြစ်၍ လူတိုင်းသည် စာရင်းသွင်းရန် မိမိရို့၏ဇာတိမြို့ရွာသို့ လားကြ၏။
4 ထို့ကြောင့် ယောသပ်သည်လည်း ဒါဝိဒ်၏အမျိုးအနွယ် ဖြစ်သောကြောင့် ဂါလိလဲနယ် နာဇရက်မြို့မှ ဒါဝိဒ်၏မြို့ဖြစ်သည့် ယုဒပြည် ဗက်လင်မြို့သို့ လားကြ၏။ 5 သူသည် ထိမ်းမြားရန် စိ့စပ်ထားသော မာရိနှင့်အတူ စာရင်းသွင်းရန် လားလေ၏။ သူမ၌ ကိုယ်ဝန်လွယ်ထားလျက် ဟိ၏။