11 ဤနိ့တွင် ဒါဝိဒ်မြို့၌ အသျှင်ခရစ်တော်တည်းဟူသော ကယ်တင်သျှင်သည် သင်ရို့အဖို့အလို့ငှာ ဖွားမြင်ခြင်းကို ခံတော်မူဗျာယ်။ 12 သင်ရို့အတွက် ဤအကြောင်းအရာ၏ နိမိတ်လက္ခဏာဟူမူကား၊ မွီးကင်းစအချေ တစ်ယောက်ကို အဝတ်စနှင့် ရစ်ပတ်ပြီးလျှင် နွားစာခွက်၌ သိပ်ထားသည်ကို တွိ့မြင်ရလိမ့်မည်" ဟု မြွက်ဆို၏။