25 ထိုအချိန်၌ သျှုမောင်ဟု ခေါ်သော လူတစ်ယောက်သည် ယေရုဆလင်မြို့တွင် နီထိုင်လျက်ဟိ၏။ သူသည် ဖြောင့်မတ်သောသူဖြစ်၍ ဘာသာတရားကိုင်းယှိုင်းသောသူဖြစ်၏။ သူသည် ဣသရေလလူမျိုးတိ ကယ်တင်ခြင်းရဖို့ရန် စောင့်မျှော်နိန်သောသူလည်း ဖြစ်ပြီး သန့်ယှင်းသောဝိညာဉ်တော်သည် သူ၌ တည်တော်မူ၏။ 26 သူသည် ဘုရားသခင်၏ မေသျှိယကို မဖူးရခင်မသီရဟု သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် ဗျာဒိတ်တော်ကို ရထားသူလည်းဖြစ်၏။ 27 ထိုအခါ သျှုမောင်သည် ဝိညာဉ်တော်၏ ဦးဆောင်မှုအားဖြင့် ဗိမာန်တော်ထဲသို့ ဝင်လေ၏။ ပညတ်တရားအတိုင်း ဆောင်ရွက်ရန် မိဖနှစ်ပါးရို့သည် သူငယ် ယေသျှုကို ဗိမာန်တော်ထဲသို့ ခေါ်လာကြသောအခါ၊ 28 သျှုမောင်သည် သူငယ်ကို သူ့လက်ဖြင့် ပွိ့ချီ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလေသည်မှာ၊
29 "ဘုရားသခင်၊ ကိုယ်တော်၏ ကတိတော်သည် အဂု ပြည့်စုံ နိန်ပြီ ဖြစ်သည့်အတွက်၊
ကိုယ်တော်၏ အခိုင်းအစီကို ငြိမ်သက်စွာ လားရသောအခွင့်ကို ပီးတော်မူပါ။
30-32 တစ်ပါးအမျိုးသားတိအတွက် ကိုယ်တော်၏အလင်းကို လင်းစီရန်နှင့်
ကိုယ်တော့်လူမျိုးတော် ဣသရေလ၏ ဘုန်းအသရေ ထွန်းလင်းလာစီရန်၊
လူမျိုးအပေါင်းရို့ရှိ့၌ ကိုယ်တော်သျှင် ပျင်ဆင်ထားသော၊
ကယ်တင်ခြင်းကို အကျွန့်မျက်စိနန့် တပ်အပ်မြင်ရဗျာယ်" ဟု မြွက်ဆို၏။