48 သူ၏မိဖရို့သည် သူ့ကို တွိ့သောအခါ အံ့မောကျ၍၊ သူ၏ မိခင်က "ငါ့သား၊ ဇာဖြစ်လို့ ငါရို့ကို ဤသို့ ပြုသနည်း၊ မေမေနှင့်ဘာဘာကလည်း ကောင်းကောင်း စိတ်ပူပြီးလျှင် သားချေကို ရှာခရသည်" ဟု ပြော၏။
49 သူက၊ "ဇာဖြစ်လို့ အကျွန့်ကို ရှာကြပါသနည်း။ အကျွန့်အဖအိမ်တော်၌ ဟိ နိန်ရမည် ဆိုသည်ကို မသိကြသလား" ဟု မိဖရို့အား ပြန်ပြော၏။ 50 သို့ရာတွင် သူရို့က သူသည် မိမိရို့အား ဇာကို ပြောနိန်သည်ကို နားမလည်ကြ။
51 ထို့ကြောင့် ယေသျှုသည် မိဖရို့နှင့်အတူ နာဇရက်မြို့သို့ လိုက်လာပြီး မိဖရို့၏စကားကို နာခံလျက်နိန်၏။ သူ၏မိခင်သည်ကား ဖြစ်ပျက်ခသမျှကို မိမိစိတ်နှလုံးထဲတွင် မှတ်သားထားလေ၏။