သိုးထိန်းများနှင့် ကောင်းကင်တမန်တိ
8 ထိုအခါ ထိုပြည်၌ သိုးထိန်းရို့သည် ညဉ့်အခါ ကွင်းပြင်၌ မိမိရို့၏သိုးအုပ်ကို စောင့်ရှောက်နိန်ကြ၏။ 9 သခင်ဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် သူရို့၌ ပေါ်လာပြီး၊ သခင်ဘုရား၏ ဘုန်းတန်ခိုးတော်သည် သူရို့ပတ်လည်တွင် ထွန်းလင်းတောက်ပလေ၏။ ထိုသူရို့သည် အလွန် ကြောက်လန့်ကြလေ၏။ 10 သို့ရာတွင် ကောင်းကင်တမန်က "မကြောက်ကတ်ကေ့၊ ငါသည် လူတိအားလုံးအတွက် အလွန်ဝမ်းမြောက်စရာ သတင်းကောင်းကို သင်ရို့ပါးသို့ ယူလာ၏။