42 "အိုအဖ၊ အလိုတော်ဟိလျှင် ဤဒုက္ခဝေဒနာခွက်ကို အကျွန်နှင့် ဝီးစီတော်မူပါ။ သို့သော်လည်း အကျွန့်အလိုတိုင်း မဖြစ်ပါစီကေ့။ အဖ၏အလိုတော်တိုင်းသာ ဖြစ်စီတော်မူပါ" ဟု ဆုတောင်းတော်မူ၏။ 43 ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော့်ကို အားပီးလေ၏။ 44 ကိုယ်တော်သည် ပြင်းစွာသောဝေဒနာကို ခံစားပြီး အထူးကြိုးစား၍ ဆုတောင်းတော်မူသောကြောင့် ကိုယ်တော်၏ချွေးပေါက်များသည် မြီကြီးတွင်ကျသော သွီးစက်ကဲ့သို့ဖြစ်၏။၂၂.၄၄ တချို့သော မူရင်းကျမ်းစာများတွင် အငယ် ၄၃–၄၄ ကို မတွိ့ရပေ။
Publicidade