ယေသျှုကို ဖမ်းဆီးခြင်း
47 ထိုသို့ ယေသျှုသည် မိန့်တော်မူစဉ် တပည့်တော် တစ်ဆယ့်နှစ်ပါး အပါဝင်ဖြစ်သော ယုဒသျှကာရုတ်သည် လူထုကြီးကို ဦးဆောင်၍ ရောက်လာပြီး၊ ယေသျှုအား နမ်းခြင်းငှာ ချဉ်းကပ်လာ၏။ 48 ယေသျှုက "ယုဒ၊ သင်သည် နမ်းခြင်းကိုပြု၍ လူသားအား ရန်သူလက်သို့ အပ်သလော" ဟု မိန်းတော်မူ၏။