33 "ဦးဂေါင်းခွံအရပ်" ဟု နာမည်ဟိသော အရပ်သို့ ရောက်သောအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ဦးကို လက်ယာဖက်တစ်ယောက် လက်ဝဲဖက်တစ်ယောက်ထား၍ လက်ဝါးကပ်တိုင်တွင် ရိုက်ထားကြ၏။ 34 ယေသျှုက "အိုအဖ၊ သူရို့၏ အပြစ်ကို ခွင့်ရွှတ်တော်မူပါ။ သူရို့သည် ကိုယ်ပြုနိန်သောအမှုကို မသိကတ်ပါ" ဟု မြွက်ဆိုတော်မူ၏။၂၃.၃၄ တချို့သော မူရင်းကျမ်းများတွင် ယေသျှုက "အိုအဖ၊ သူရို့၏ အပြစ်ကို ခွင့်ရွှတ်တော်မူပါ။ သူရို့သည် ကိုယ်ပြုနိန်သောအမှုကို မသိကတ်ပါ" ဟု မြွက်ဆိုတော်မူ၏၊ ဟူ၍ မတွိ့ရပေ။
ထိုသူရို့သည် ကိုယ်တော်၏အဝတ်တော်ကို မဲချ၍ ဝီယူကြ၏။ 35 လူအပေါင်းရို့သည် ရပ်လျက် ကြည့်နိန်ကြစဉ်၊ ယုဒခေါင်းဆောင်ရို့က "ဤသူသည် အခြားသူတိကို ကယ်တင်၏။ အကယ်၍ ဘုရားသခင် ရွီးချယ်တော်မူသော မေသျှိယ ဖြစ်သည်ဆိုလျှင် ကိုယ့်ကိုကိုယ် ကယ်တင်ပါစီ" ဟု ဆို၍ လှောင်ပြောင်ကြ၏။
36 စစ်သားတိကလည်း ကိုယ်တော့်ကို လှောင်ပြောင်ကြပြီး ပုံးရည်ကို တိုက်လျက်၊ 37 "သင်သည် ယုဒသျှင်ဘုရင် ဖြစ်သည်ဆိုလျှင် သင့်ကိုသင် ကယ်တင်ပါ" ဟု ဆိုကြ၏။
38 ကိုယ်တော်၏ ဦးဂေါင်းထက်တွင် "ဤသူကား ယုဒသျှင်ဘုရင်ပေတည်း" ဟု ကမ္ပည်း ရီးထိုးထား၏။
39 လက်ဝါးကပ်တိုင်တွင် ရိုက်ဆွဲထားသော လူဆိုးနှစ်ဦးထဲက တစ်ယောက်က "သင်သည် မေသျှိယမှန်လျှင် မိမိကိုယ်ကိုလည်းကောင်း၊ အကျွန်ရို့ကိုလည်းကောင်း ကယ်တင်ပါ" ဟု ကိုယ်တော့်ကို ကဲ့ရဲ့ပြောဆို၏။
40 အခြားလူဆိုးတစ်ယောက်က ထိုသူအား "သင်သည် ဘုရားသခင်ကို မကြောက်သလော၊ အကြောင်းမူကား သင်သည် ဤသူနည်းတူ အပြစ်စီရင်ခြင်းကို ခံရ၏။ 41 ငါရို့ကား မိမိအပြစ်အလျှောက် ထိုက်သင့်သည့် အပြစ်ဒဏ်ကို ခံရကြ၏။ သို့ရာတွင် ဤအသျှင်ကား ဇာအပြစ်ကိုလည်း မကျူးလွန်ခ" ဟု ပြောဆိုဆုံးမ၏။ 42 ထို့နောက် ယေသျှုအား၊ "အသျှင်သည် သျှင်ဘုရင်အဖြစ် ကြွလာသောအခါ အကျွန့်ကို သတိရတော်မူပါ" ဟု လျှောက်၏။
43 ယေသျှုက "ဤနိ့ပင် သင်သည် ငါနန့်အတူ ပရဒိသုဘုံ၌ ဟိလိမ့်မည်ဟု ငါ ကတိပီး၏" ဟု မိန့်တော်မူ၏။