ရောမတပ်မှူး၏ အခိုင်းအစီကို ရောဂါပျောက်စီတော်မူခြင်း
1 ယေသျှုသည် လူတိအား ထိုသို့ ဟောပြောသွန်သင်ပြီးနောက် ကပေရနောင်မြို့သို့ ကြွတော်မူ၏။ 2 ထိုမြို့၌ ရောမတပ်မှူးတစ်ဦးတွင် အလွန်အားထားရသော အခိုင်းအစီတစ်ယောက်သည် ဖျားနာလျက် သီလုမျောပါးဖြစ် နိန်၏။ 3 တပ်မှူးသည် ယေသျှု၏သတင်းတော်ကို ကြားသောအခါ ယုဒအမျိုး အကြီးအကဲတိကို ကိုယ်တော့်ထံသို့ ရွှတ်လိုက်ပြီး၊ ကိုယ်တော်ကြွ၍ မိမိ၏အခိုင်းအစီအား ကျန်းမာစီရန် တောင်းလျှောက်စီ၏။ 4 သူရို့သည် ယေသျှုထံသို့ ရောက်လာ၍ "ထိုသူသည် ကိုယ်တော်၏ ကျေးဇူးပြုခြင်းကို ခံထိုက်သူဖြစ်ပါ၏။ 5 သူသည် အကျွန်ရို့လူမျိုးတိကိုချစ်လို့ အကျွန်ရို့အတွက် တရားဇရပ်တစ်ဆောင်ကို ဆောက်လုပ်ပီးသူလည်း ဖြစ်ပါ၏" ဟု လေးနက်စွာလျှောက်လေ၏။
6 ယေသျှုသည် ထိုသူရို့နှင့်အတူ ကြွတော်မူ၏။ တပ်မှူးအိမ်နှင့် မနီးမဝီးသို့ ရောက်သောအခါ တပ်မှူးသည် မိတ်ဆွီများကို ကိုယ်တော်ထံသို့ ရွှတ်လိုက်၍ "အသျှင်ဘုရား၊ ဒုက္ခမရှာပါကေ့။ ကိုယ်တော်သည် အကျွန့်အိမ်ထဲသို့ ဝင်ခြင်းကိုပင် အကျွန် မခံယူထိုက်ပါ။ 7 ယင်းနည်းတူ အကျွန်ကလည်း ကိုယ်တော်ထံပါးကို လာထိုက်သူ မဟုတ်ဟု ယူဆပါ၏။ အမိန့်တော်ကိုသာ ပီးတော်မူပါလျှင် အကျွန်၏ အခိုင်းအစီသည် ကျန်းမာလာပါလိမ့်မည်။ 8 အကျွန်ကိုယ်တိုင်ပင် အထက်အရာဟိ အောက်၌ အမှုထမ်းသူဖြစ်ပြီးလျှင် အကျွန့် လက်အောက်၌လည်း စစ်သားများ ဟိပါ၏။ တစ်ဦးကို ‘လားလော့’ ဟု ဆိုလျှင် လား၍၊ တစ်ဦးကို ‘လာလော’ ဟု ဆိုလျှင် လာကြပါ၏။ အခိုင်းအစီတိကို ‘ဤအလုပ်ကို လုပ်လိုက်’ ဟု ဆိုလျှင် လုပ်ကြပါ၏" ဟု လျှောက်ထားစီ၏။
9 ယေသျှုသည် ထိုစကားကိုကြားတော်မူလျှင် အံ့သြတော်မူ၍ နောက်တော်မှလိုက်လာကြသော လူထုပရိသတ်ဖက်သို့ လှည့်ကြည့်တော်မူပြီးလျှင်၊ "ငါဆိုသည်ကား၊ ဤပိုင်ယုံကြည်ခြင်းကို ဣသရေလလူမျိုးထဲ၌ပင် တစ်ခါလေ့ ငါမတွိ့သိမ့်" ဟု မိန့်တော်မူ၏။
10 တပ်မှူး ရွှတ်လိုက်သော သူရို့သည် အိမ်သို့ ပြန်ရောက်သောအခါ ထိုအခိုင်းအစီသည် ကျန်းမာလျက်ဟိသည်ကို တွိ့ကြ၏။