43 တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွီးသွန်နာ စွဲနိန်သော မိန်းမတစ်ယောက်သည် မိမိ၌ဟိသော ငွီကြေးများ အကုန်ခံပြီး ဆီးဆရာများနှင့် ကုသသော်လည်း ၈.၄၃ တချို့သော ကျမ်းစာများတွင် ဆီးဆရာများနှင့် ကုသသော်လည်း၊ ဟု မပါဟိပေ။ မည်သည့်ဆီးဆရာမှ ရောဂါကို ပျောက်နိုင်စွမ်း မဟိကြ။ 44 ထိုမိန်းမသည် ယေသျှု၏ နောက်တော်သို့ ချဉ်းကပ်၍ ကိုယ်တော်၏ ဝတ်ရုံပန်းဖွားတော်ကို တို့လေ၏။ ထိုခဏချင်းတွင် သွီးသွန်နာ ပျောက်ကင်းလေ၏။
Publicidade