ယေသျှုက တပည့်တော် တစ်ဆယ့်နှစ်ပါးကို ရွှတ်တော်မူခြင်း
1 ယေသျှုသည် တပည့်တော် တစ်ဆယ့်နှစ်ပါးကို ခေါ်တော်မူပြီးလျှင် နတ်ဆိုးအပေါင်းကို နှင်ထုတ်ရန်နှင့် အနာရောဂါများကို ပျောက်ကင်းစီနိုင်သော တန်ခိုးအာဏာကို ပီးအပ်တော်မူ၏။ 2 ထို့နောက် ကိုယ်တော်သည် သူရို့အား ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောရန်နှင့် ဖျားနာသူများကို ကျန်းမာစီရန် ရွှတ်တော်မူပြီးလျှင်၊ 3 ၉.၃–၅ လု ၁၀.၄–၁၁; တ ၁၃.၅၁ထိုသူရို့အား "လမ်းခရီးအတွက် သင်ရို့သည် ဇာတစ်ခုကိုလည်း မယူကေ့။ တောင်မွိ့၊ လွယ်အိတ်၊ စားစရာ၊ ဖေသာဒင်္ဂါးတိကို မယူကေ့။ အင်္ကျီတစ်လုံးတောင် အပိုမပါကတ်ကေ့။" 4 "ဇာအိမ်ကမဆို သင်ရို့ကို လက်ခံလို့ဟိကေ ထိုမြို့က ထွက်လားသောအချိန်ထိ ထိုအိမ်၌ တည်းနိန်ပါ။" 5 "သင်ရို့ကို လက်မခံသော လူတိကို သတိပီးသည့်အနိန်နန့် ထိုမြို့ကနိန် ထွက်လားသောအချိန်၌ သင့်ခြီဖဝါးမှ ခြီမှုန့်ကို ခါချပစ်ခလော့" ဟု မိန့်တော်မူ၏။
6 တပည့်တော်ရို့သည်လည်း ထွက်လားပြီးလျှင် အနယ်နယ်အရပ်ရပ်သို့ လှည့်လည်လျက် သတင်းကောင်းကို ဟောပြောပြီး နီရာတိုင်း၌ လူတိ အနာရောဂါများကို ပျောက်ကင်းစီကြ၏။