12 နီဝင်စပြုသောအခါ တပည့်တော် တစ်ဆယ့်နှစ်ပါးသည် ကိုယ်တော်ထံသို့ လာ၍ "ဤလူတိကို ပတ်ဝန်းကျင်၌ဟိသော ကျေးရွာဇာနပုဒ်များနှင့် ယာတောများသို့လားပြီး တည်းခိုဖို့နီရာနှင့် အစားအစာကို ရှာစီပါ။ ဇာကြောင့်ဆိုသော် ဤနီရာသည် လူသူဝီးသောအရပ် ဖြစ်ပါ၏" ဟု လျှောက်ထားကြ၏။
13 သို့သော် ယေသျှုကလည်း "သူရို့ စားစရာဖို့ သင်ရို့ကိုယ်တိုင် ပီးလော့" ဟု မိန့်တော်မူ၏။
သူရို့က "အကျွန်ရို့က ဤလူတိအတွက် စားစရာကို လားပြီး ဝယ်ရပါမည်လော။ အကျွန်ရို့၌ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ရာ ဟိပါ၏" ဟု ပြန်လည် လျှောက်ထားကြ၏။ 14 (ထိုသို့ လျှောက်ထားရခြင်းမှာ ထိုနီရာ၌ လူကြီး အယောက် ��,������ ခန့် ဟိသောကြောင့်ဖြစ်၏။)
ယေသျှုက "ဤလူတိကို လူငါးဆယ်ခန့်စီ အစုလိုက် ထိုင်စီလော့" ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။
15 တပည့်တော်ရို့သည် ကိုယ်တော် မိန့်တော်မူသည့်အတိုင်း ဆောင်ရွက်ကြပြီးနောက်၊ 16 ကိုယ်တော်သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ယူတော်မူကာ ကောင်းကင်သို့ မျှော်ကြည့်လျက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတော်မူပြီးမှ မုန့်နှင့်ငါးကို ဖဲ့တော်မူ၍ လူတိအား ဝီငှစီခြင်းငှာ တပည့်တော်ရို့အား ပီးအပ်တော်မူ၏။ 17 သူရို့အားလုံးသည် ဝစွာစားကြပြီးနောက် တပည့်တော်ရို့သည် စားကြွင်းများကို စုသိမ်းရာ တောင်းတစ်ဆယ့်နှစ်တောင်း အပြည့်ရ၏။