မျက်မမြင်ဗာတိမဲကို မျက်စိမြင်စီတော်မူခြင်း
46 ကိုယ်တော်နှင့် တပည့်တော်ရို့သည် ယေရိခေါမြို့သို့ ရောက်ကြ၏။ ထို့နောက် များစွာသော လူရို့နှင့်တကွ ထိုမြို့မှ ထွက်ကြွတော်မူစဉ် တိမဲ၏သား ဗာတိမဲဆိုသူ မျက်မမြင် သူတောင်းစားတစ်ယောက်သည် လမ်းနားတွင် ထိုင်နိန်၏။ 47 ထိုသူသည် နာဇရက်မြို့သား ယေသျှု ရောက်ဟိလာကြောင်းကို ကြားသောအခါ "ဒါဝိဒ်၏သားတော် ယေသျှု၊ အကျွန့်ကို သနားတော်မူပါ" ဟု ဟစ်အော်လေ၏။
48 လူရို့က ထိုသူကို တိတ်ဆိတ်စွာ နိန်စီခြင်းငှာ အော်ငေါက်၍ ပြောဆိုသော်လည်း၊ "ဒါဝိဒ်၏သားတော် ယေသျှု၊ အကျွန့်ကို သနားတော်မူပါ" ဟု သာ၍ ကျယ်လောင်စွာ အော်လေ၏။
49 ထိုအခါ ယေသျှုသည် ရပ်တန့်တော်မူ၍ "ယင်းသူကို ခေါ်လာလော့" ဟု မိန့်တော်မူ၏။
ထို့ကြောင့် ထိုသူရို့သည် မျက်စိမမြင်သောသူအား "အားမငယ်ကေ့။ ထ၊ သင့်ကို ကိုယ်တော် ခေါ်နိန်၏" ဟု ပြောကြ၏။
50 ထိုသူသည် မိမိ၏အဝတ်ကို ဘေးသို့ ပစ်ချပြီးလျှင် ထ၍ ယေသျှုထံပါးသို့ လာ၏။
51 ယေသျှုက၊ "သင့်အဖို့ ငါ ဇာလုပ်ပီးရမည်နည်း" ဟု ထိုသူအား မိန်းတော်မူလျှင်၊
ထိုသူက "ဆရာ၊ အကျွန့်မျက်စိ ပြန်မြင်ချင်ပါ၏" ဟု ကိုယ်တော့်ကို လျှောက်လေ၏။
52 ယေသျှုက၊ "သင်၏ယုံကြည်ခြင်းက သင့်ကို အကောင်းပကတိ ဖြစ်စီယာ။ ပြန်လားလော့" ဟု မိန့်တော်မူပြီးနောက်၊
ချက်ချင်းပင် ထိုသူသည် မျက်စိမြင်၍ ကိုယ်တော်ကြွတော်မူရာနောက်သို့ လိုက်လေ၏။