6 ကျမ်းစာ၌ လာသည်ကား၊ ဘုရားသခင်သည် ဖန်ဆင်းတော်မူစ၌ ယောက်ျားနှင့် မိန်းမကိုသာ ဖန်ဆင်းခ၏။ 7 ဤအကြောင်းကြောင့်၊ ယောက်ျားသည် ကိုယ့်မိဘကို ထား၍၊ မိမိ၏မယားနှင့် ပေါင်းသင်းနီထိုင်သဖြင့်၊၁၀.၇ အချို့သော မူရင်းလက်ရီးမူကျမ်းများ၌ မိမိ၏မယားနှင့် ပေါင်းသင်းနီထိုင်သည်၊ ဟူ၍ မပါဟိပေ။ 8 ထိုနှစ်ယောက်သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။ ထို့ကြောင့် ယင်းသူရို့သည် နှစ်ယောက် မဟုတ် တစ်ယောက်တည်းသာ ဖြစ်၏။ 9 ယင်းကြောင့် ဘုရားသခင် စုံဖက်ပီးသောအရာကို လူက မခွဲမခွါစီကေ့" ဟု မိန့်တော်မူ၏။