25 ၁၁.၂၅ မ ၆.၁၄,၁၅သင်ရို့ ဆုတောင်းသောအခါ သူတစ်ပါး၏ အပြစ်တိကို ခွင့်ရွှတ်ရမည်။ ထိုမှသာ၊ ကောင်းကင်ဘုံ၌ ဟိတော်မူသော သင်ရို့အဖသည် သင်ရို့၏အပြစ်တိကို ခွင့်ရွှတ်တော်မူလိမ့်မည်" ဟု မိန့်တော်မူ၏။ 26 ၁၁.၂၆ အချို့သော မူရင်းလက်ရီးမူကျမ်းများတွင် အခန်းငယ် ၂၆ ကို၊ သင်ရို့က သူတစ်ပါး၏အပြစ်ကို ခွင့်မရွှတ်လျှင်၊ ကောင်ကင်ဘုံ၌ ဟိတော်မူသော သင်ရို့အဖကလည်း သင်ရို့၏ အပြစ်ကို ခွင့်ရွှတ်တော်မမူဟု မိန့်တော်မူ၏၊ ဟူ၍ ပေါင်းထားသည် (ရှု မ ၆.၁၅)။