9 ၁၃.၉–၁၁ မ ၁၀.၁၇–၂၀; လု ၁၂.၁၁,၁၂ "သင်ရို့ကို သင်ရို့ သတိနှင့်နိန်ကြလော့။ လူတချို့က သင်ရို့ကို တရားရုံးသို့ ပို့ဆောင်ကြလိမ့်မည်။ တရားဇရပ်များ၌ သင်ရို့ကို ရိုက်နှက်ကြလိမ့်မည်။ သင်ရို့သည် ငါ့အတွက်ကြောင့် အာဏာပိုင်များနှင့် သျှင်ဘုရင်ရို့၏ရှိ့မှောက်သို့ ရောက်ပြီးလျှင် သတင်းကောင်းဟောပြောရသော အခွင့်ကို ရကြလိမ့်မည်။ 10 သို့ရာတွင် ကပ်ကမ္ဘာကုန်ဆုံးချိန် မရောက်လာမီ သတင်းကောင်းကို လူမျိုးအပေါင်းရို့အား ဟောပြောရကြမည်။