ယေသျှု၏မိခင်နှင့် ညီတော်များ
31 ထို့နောက် ယေသျှု၏မိခင်နှင့် ညီတော်ရို့သည် ရောက်လာလျှင် အိမ်အပြင်၌ ရပ်လျက်၊ ရောက်နိန်ကြောင်းကို ကိုယ်တော့်ကို ကြားပြောခိုင်း၏။ 32 လူအပေါင်းရို့သည် ကိုယ်တော့်ကို ခြံရံလျက် ထိုင်နိန်ကြ၏။ သူရို့က "ကိုယ်တော်၏ အမိနှင့် ညီတိ၊ ညီမတိ အိမ်အပြင်၌ ရောက်နိန်ပါ၏၊ ထိုသူရို့သည် ကိုယ်တော့်ကို ရှာနိန်ကြ၏" ဟု လျှောက်ကြ၏။
33 ကိုယ်တော်က "ငါ့အမိ၊ ငါ့ညီတိကား ဇာသူရို့နည်း" ဟု မိန်းတော်မူပြီး၊ 34 မိမိပတ်လည်တွင် ထိုင်နိန်ကြသောသူရို့အား ကြည့်တော်မူလျက် "ငါ့အမိ၊ ငါ့ညီတိကား၊ ဤသူရို့ပင် ဖြစ်၏။ 35 ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူ မှန်သမျှသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်၏" ဟု မိန့်တော်မူ၏။