22 ထိုအခါ ယာဣရုဟု အမည်ဟိသူ တရားဇရပ်မှူးတစ်ယောက်သည် လာ၍ ယေသျှုကို မြင်လျှင် ခြီတော်ရင်း၌ ပျပ်ဝပ်လျက်၊ 23 "အကျွန်၏သမီးသျှေ သီဖို့ ဖြစ်နိန်ယာ။ ထိုအသျှေကို အသက်ရှင်ကျန်းမာစီခြင်းငှာ ကိုယ်တော်ကြွပြီးလျှင် အသျှေထက်မှာ လက်တော်ကို တင်ပီးတော်မူပါ" ဟု ကိုယ်တော့်ကို အနူးအညွှတ်တောင်းပန်လေ၏။
24 ထို့ကြောင့် ယေသျှုသည် ထိုသူနှင့်လိုက်လား၏။ များစွာသောလူရို့သည် ဝိုင်းအုံလျက် လိုက်သဖြင့် ကိုယ်တော့်ကို တို့မိ၊ ထိမိကြ၏။