35 ထိုသို့ မိန့်တော်မူစဉ် ယာဣရု၏အိမ်မှ လူသည် ရောက်လာ၍ "သင်၏ သမီးကား သီယာ။ ဤဆရာကို ဇာတွက် ဒုက္ခပီးနိန်သိမ့်သနည်း" ဟု ဆိုကြ၏။
36 ယေသျှုသည် ထိုသူရို့၏စကားကို ကြားသော်လည်း၊ စိတ်နှလုံးထဲ၌ မထားဘဲ၅.၃၆ စိတ်နှလုံးထဲ၌ မထားဘဲ၊ သို့မဟုတ် အာရုံ မထားဘဲ။ ထိုသူအား "မကြောက်ကေ့။ ယုံကြည်ခြင်းသာ ဟိလော့" ဟု တရားဇရပ်မှူးအား မိန့်တော်မူ၏။ 37 ထို့နောက် ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်ညီ ယောဟန်ရို့ မှတစ်ပါး မည်သူကိုမျှ မလိုက်စီဘဲ၊ 38 ယာဣရု၏အိမ်သို့ကြွ၍ ရောက်လျှင် လူရို့သည် အုတ်အုတ်သဲသဲ ပြုနိန်ကြသည်ကိုလည်းကောင်း၊ လွန်စွာ မြည်တမ်းငိုကြွီးနိန်ကြသည်ကိုလည်းကောင်း မြင်တော်မူလျှင်၊ 39 ကိုယ်တော်သည် အိမ်ထဲသို့ ဝင်၍ "ဇာကြောင့် ဝိုင်းအုံ၍ ငိုနိန်ကြသနည်း။ ဤသူငယ်မသျှေ သီကျလားသည် မဟုတ် — အိပ်ပျော်နိန်ခြင်းသာ ဖြစ်၏" ဟု မိန့်တော်မူ၏။
40 ထိုအခါ လူရို့သည် ကိုယ်တော့်ကို လှောင်ပြောင်ကြ၏။ ကိုယ်တော်သည် ထိုသူရို့ကို အပြင်သို့ ထွက်ခိုင်းစီပြီးမှ သူငယ်မ၏ မိဘတိနှင့် တပည့်တော်သုံးယောက်ကို ခေါ်၍ သူငယ်မသျှေဟိရာ အခန်းသို့ ဝင်တော်မူ၏။ 41 ကိုယ်တော်သည် သူငယ်မသျှေ၏ လက်ကိုဆုပ်ကိုင်ကာ "တလိသကုမိ" ဟု မိန့်တော်မူ၏။ အနက်ကား "မိန်းမငယ် ထလော၊ ငါ ဆို၏" ဟု ဆိုလိုသတည်း။
42 ထိုသို့ မိန့်တော်မူပြီးနောက် သူငယ်မသျှေသည် ချက်ချင်းထ၍ လမ်းလျှောက်လေ၏။ ထိုသူငယ်မသျှေကား တစ်ဆယ့်နှစ်နှစ် သမီးအရွယ် ဖြစ်၏။ ထိုအခါ လူရို့သည် အလွန်အံ့သြကြ၏။ 43 ကိုယ်တော်ကလည်း ထိုအမှုအရာကို မည်သူ့ကိုမျှ မပြောစီခြင်းငှာ ထိုသူရို့အား တင်းကြပ်စွာမိန့်တော်မှုပြီးလျှင် "ဤသူငယ်မသျှေကို စားစာရာ တစ်စုံတစ်ခု ကျွေးလော့" ဟု မိန့်တော်မူ၏။