လူပေါင်း , ကို ယေသျှုကျွေးမွီးတော်မူခြင်း
1 ထိုအခါ အခြားသောလူရို့လည်း လာရောက်စုရုံးကြ၏။ သူရို့၌ စားစရာတစ်ခုမျှ မဟိသဖြင့်၊ ယေသျှုသည် တပည့်တော်ရို့ကို ခေါ်၍၊ 2 "ဤသူရို့ကို ငါသည် သနား၏။ အကြောင်းမူကား သူရို့သည် သုံးရက်ပတ်လုံး ငါနှင့်အတူ ဟိနိန်ကြ၏။ အဂု သူရို့၌ စားစရာတစ်ခုလေ့ မဟိ။ 3 တချို့က ခရီးဝီးကနိန် လာကြသည်ဖြစ်၍ သူရို့ကို မကျွေးမမွီးဘဲနှင့် အိမ်သို့ ပြန်ရွှတ်လိုက်လျှင်၊ ဝမ်းဆာသောကြောင့် လမ်း၌ မူးလဲကျလားလိမ့်မည်" ဟု မိန့်တော်မူ၏။
4 တပည့်တော်ရို့ကလည်း ကိုယ်တော့်ကို "ဤတောကန္တာရတွင် ဤလူတိကို ဇာပိုင် ဝအောင်ကျွေးနိုင်မည်နည်း" ဟု မိန်းလျှောက်ကြ၏။
5 ယေသျှုက "သင်ရို့၌ မုန့်ဇာလောက် ဟိသနည်း" ဟု မိန်းတော်မူလျှင်၊
တပည့်တော်ရို့က "မုန့်၊ ခုနစ်လုံး ဟိပါ၏" ဟု လျှောက်ထားလေ၏။
6 ကိုယ်တော်သည် လူရို့ကို မြီထက်၌ ထိုင်စီခြင်းငှာ မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် မုန့်ခုနစ်လုံးကို ယူပြီးလျှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူအပေါင်းရို့အား ဝီပီးစီခြင်းငှာ တပည့်တော်ရို့ကို စီခိုင်းတော်မူသဖြင့် တပည့်တော်ရို့လည်း မိန့်တော်မူသည့်အတိုင်း ပြုတော်မူ၏။ 7 သူရို့၌ ငါးသျှေ အနည်းချေ ဟိကြသည်ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လူအပေါင်းရို့အား ဝီပီးစီခြင်းငှာ တပည့်တော်ရို့အား စီခိုင်းတော်မူ၏။ 8 လူအပေါင်းရို့သည်လည်း ဝစွာစားကြပြီးမှ — စားကြွင်းစားကျန်များပင်လျှင် တောင်းဖြင့် ခုနစ်တောင်းအပြည့် ကောက်သိမ်းရကြ၏။ 9 မုန့်စားသောသူ အရီအတွက်ကား ��,������ မျှ ဟိသတည်း။ ယေသျှုသည် လူအပေါင်းရို့ကို ထိုအရပ်မှ ပြန်ရွှတ်တော်မူပြီးမှ၊