17 လူစုလူဝေးထဲမှ လူတစ်ယောက်က "ဆရာ၊ ဝိညာဉ်ဆိုးဝင်ပူးပြီး စကားအနိန်သော အကျွန်၏သားသျှေကို ကိုယ်တော်ထံသို့ ခေါ်လာပါ၏။ 18 ဝိညာဉ်ဝင်ပူးသည့်အခါတိုင်း သားသျှေသည် မြီကြီးထက်မှာ လဲကျတတ်ပါ၏။ ပါးစပ်မှလည်း အမြှုပ်ထွက်၍ အံသွားကြိတ်ကာ ခန္ဓာကိုယ်ကိုလည်း မာတောင့်စီပါ၏။ ဆရာတပည့်တိကို ယင်းဝိညာဉ်အား နှင်ထုတ်ပီးစီခြင်းငှာ တောင်းပန်သော်လည်း သူရို့သည် မတတ်နိုင်ကြပါ" ဟု ကိုယ်တော့်ကို လျှောက်ထား၏။
19 ကိုယ်တော်က "အို၊ ယုံကြည်ခြင်း မဟိသောအမျိုး၊ ငါသည် သင်ရို့နှင့် ဇာလောက်ကြာကြာနီရမည်နည်း။ ဇာလောက်ကြာကြာ သင်ရို့ကို သည်းခံရမည်နည်း။ ယင်းသူငယ်ကို ငါ့ပါးသို့ ယူလာကြလော့" ဟု မိန့်တော်မူသည်အတိုင်း၊ 20 သူရို့သည် သူငယ်အား ယေသျှုထံသို့ ယူလာကြ၏။
ထိုဝိညာဉ်သည် ယေသျှုကို မြင်လျှင်မြင်ချင်း သူငယ်အား ပြင်းစွာတုန်တတ်စီပြီး မြီထက်သို့ လဲကျကာ လူးလိမ့်လျက် သူငယ်၏ပါးစပ်မှ အမြှုပ်ထွက်လျက် နိန်၏။ 21 ယေသျှုကလည်း "ဤပိုင် ဖြစ်နိန်သည်ကား ကြာယာလော့" ဟု သူငယ်၏ဖခင်အား မိန်းတော်မူလျှင်၊
ဖခင်က "အသျှေကတည်းမှစ၍ ဖြစ်နိန်ပါ၏။ 22 ယင်းဝိညာဉ်ဆိုးသည် သားသျှေကို သီစီခြင်းငှာ မီးထဲ၌ လည်းကောင်း၊ ရီထဲ၌ လည်းကောင်း အလီလီ လဲစီတတ်ပါ၏။ ကိုယ်တော် တတ်နိုင်သည်ဆိုလျှင် အကျွန်ရို့ကို သနား၍ ကယ်မတော်မူပါ" ဟု ပြန်၍ လျှောက်ထား၏။
23 ယေသျှုက "ဇာကြောင့် ‘တတ်နိုင်တော်မူလျှင်’ ဟူ၍ ပြောသနည်း။ ယုံကြည်ခြင်းဟိသောသူအဖို့ ခပ်သိမ်းသော အမှုအရာကို တတ်စွမ်းနိုင်သည်" ဟု ထိုသူအား မိန့်တော်မူ၏။
24 ထိုအခါ သူငယ်၏ဖခင်က "အကျွန် ယုံကြည်ပါ၏။ သို့သော် အကျွန်၌ဟိသော ယုံကြည်ခြင်းကို ပိုပြီးဟိဖို့ မစတော်မူပါ" ဟု အသံကျယ်စွာ အော်ဟစ်၍ လျှောက်ထားလေ၏။
25 လူစုလူဝေးရို့သည် စုရုံး၍ ဗြီးလာကြသည်ကို ယေသျှုသည် မြင်တော်မူလျှင် "ဆွံ့အ၍ နားပင်းစီသော နတ်၊ ယင်းအသျှေပါးက ထွက်လော့။ ဇာခါမျှ ပြန်ဝင်မပူးကေ့၊ ငါ အမိန့်ပီး၏" ဟု ဝိညာဉ်ဆိုးအား မိန့်တော်မူ၏။
26 ထိုဝိညာဉ်သည် အော်ဟစ်ပြီးလျှင် သူငယ်အား ပြင်းစွာတက်စီပြီးမှ ထွက်လားလေ၏။ သူငယ်သည်လည်း လူသီကဲ့သို့ ဖြစ်နိန်သဖြင့် လူအပေါင်းရို့က "အသျှေ သီယာ" ဟု ပြောကြ၏။ 27 သို့ရာတွင် ယေသျှုသည် သူငယ်၏လက်ကို ကိုင်၍ ထူမတော်မူလျှင် သူငယ်သည် ထလာ၏။