20 ထိုသို့ ကြံစည်နိန်စဉ်တွင် အိပ်မက်ထဲ၌ သခင်ဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် ပေါ်လာ၍ "ဒါဝိဒ်အမျိုး ယောသပ်၊ မာရိကို မယားအဖြစ် ပေါင်းသင်းနီထိုင်ဖို့ရန် မကြောက်ကေ့။ သူမ၏ကိုယ်ဝန်သည် သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် ဖြစ်၏။ 21 ၁.၂၁ လု ၁.၃၁သူမသည် သားယောက်ျားကို ဖွားမြင်လိမ့်မည် — သူ၏လူတိကို အပြစ်မှ ကယ်တင်မည့်သူဖြစ်သောကြောင့် — သူ့ကို ယေသျှုဟူ၍ အမည်မှည့်ရလိမ့်မည်" ဟု ကောင်းကင်တမန်က ပြောလေ၏။