20 ထိုသို့ ကြံစည်နိန်စဉ်တွင် အိပ်မက်ထဲ၌ သခင်ဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် ပေါ်လာ၍ "ဒါဝိဒ်အမျိုး ယောသပ်၊ မာရိကို မယားအဖြစ် ပေါင်းသင်းနီထိုင်ဖို့ရန် မကြောက်ကေ့။ သူမ၏ကိုယ်ဝန်သည် သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် ဖြစ်၏။ 21 ၁.၂၁ လု ၁.၃၁သူမသည် သားယောက်ျားကို ဖွားမြင်လိမ့်မည် — သူ၏လူတိကို အပြစ်မှ ကယ်တင်မည့်သူဖြစ်သောကြောင့် — သူ့ကို ယေသျှုဟူ၍ အမည်မှည့်ရလိမ့်မည်" ဟု ကောင်းကင်တမန်က ပြောလေ၏။
22 အကြောင်းမူကား၊ ထာဝရဘုရားသည် ပရောဖက်အားဖြင့် မိန့်မှာထားသော ဗျာဒိတ်တော်အားလုံး ပြည့်စုံရန် ဖြစ်လေ၏။ 23 ဗျာဒိတ်တော်သည်ကား "အပျိုစင်တစ်ယောက်သည် ပဋိသန္ဓေတည်၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်၊ ထိုသားကို ဧမာနွေလဟူ၍ အမည်မှည့်ရလိမ့်မည်" ဟု လာသတည်း (ဧမာနွေလ၏အဓိပ္ပာယ်ကား "ငါရို့နှင့်အတူဟိသော ဘုရားသခင်" ဖြစ်၏)။
24 ယောသပ်သည် အိပ်ပျော်ရာမှ နိုးလာပြီးလျှင် သခင်ဘုရား၏ ကောင်းကင်တမန် မှာထားသည့်အတိုင်း မာရိကို လက်ထပ်ထိမ်းမြားလေ၏။ 25 ၁.၂၅ လု ၂.၂၁သို့ရာတွင် သားကို ဖွားမြင်ပြီးသည့်တိုင်အောင် ယောသပ်သည် မာရိနှင့် ယှက်တင်ခြင်းကို မပြုဘဲ နိန်လေ၏။ ထို့နောက် ယောသပ်သည် ထိုသားကို ယေသျှု ဟူ၍ နာမည်မှည့်လေ၏။