11 ငါ အမှန်ဆိုသည်ကား မိန်းမမွီးသော သူတိထဲမှာ ဗတ္တိဇံယောဟန်လောက် ကြီးမြတ်သောသူ တစ်ယောက်မျှ မဟိခသိမ့်။ သို့ရာတွင် ကောင်းကင်နိုင်ငံ၌ အငယ်ဆုံးသောသူတစ်ယောက်သည် ယောဟန်ထက် သာ၍ ကြီးမြတ်၏။ 12 ၁၁.၁၂,၁၃ လု ၁၆.၁၆ယောဟန် လက်ထက်ကစ၍ အဂုကာလတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုနိန်ကြ၏၊၁၁.၁၂ အနိုင်အထက်ပြုနိန်ကြ၏၊ သို့မဟုတ် ကြမ်းတမ်းစွာ ပြုမူကြ၏။ ထိုသို့သော ရက်စက်ယုတ်မာသောသူတိသည် ကောင်းကင်နိုင်ငံတော်ကို လုယူရန် ကြိုးစားလျက်ဟိကြ၏။