29 ငါ့ထမ်းပိုးကို ယူ၍ သင်ရို့ထက်မှာ တင်ကြလော့၊ ငါ့ထံ၌ သင်ခန်းစာ ယူကြလော့၊ ငါသည် နူညံ့သိမ်မွိ့၍ စိတ်နှလုံးနှိမ့်ချသောသူ ဖြစ်သဖြင့် သင်ရို့သည် စိတ်သက်သာခြင်း ရကြလိမ့်မည်။ 30 အကြောင်းမူကား သင်ရို့ကို ငါပီးမည့် ထမ်းပိုးသည် ထမ်းရလွယ်၍ သင်ရို့ထက်မှာ ငါတင်ပီးမည့်ဝန်သည်လည်း ပေါ့၏။"