ယေသျှုသည် ရီထက်၌ လမ်းလျှောက်ခြင်း
22 ယေသျှုသည် လူတိကို ပြန်ရွတ်တော်မူစဉ်၊ တပည့်တော်ရို့ကိုလည်း လောင်းထဲသို့ ဝင်ခိုင်းကာ အိုင်တစ်ဘက်ကမ်းသို့ သူ၏ရှိ့က ကူးခိုင်းလိုက်၏။ 23 လူတိကို ပြန်ရွှတ်လိုက်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ကုန်းထက်သို့ တက်လား၏။ ညအချိန်ရောက်သောအခါ ကိုယ်တော်သည် ထိုအရပ်၌ တစ်ယောက်တည်း ဟိလေ၏။ 24 ထိုအချိန်၌ လောင်းသည် ကမ်းနှင့် ဝီးကွာလာသောခါ၊ လီဆန်ဖြစ်သောကြောင့် လှိုင်းထသဖြင့် လောင်းသည် လူးလွန့်လျက် ဟိ၏။
25 မိုးသောက်ဘက် သုံးချက်တီးချိန်နှင့် ခြောက်ချက်တီးအချိန်ကြားတွင် ယေသျှုသည် ရီထက်၌ လမ်းလျှောက်၍ တပည့်တော်တိပါးသို့ လာ၏။ 26 ထိုသို့ ကိုယ်တော်သည် ရီထက်က လမ်းလျှောက်လာသည်ကို တပည့်တော်ရို့သည် မြင်ကြသောအခါ ထိန့်လန့်တုန်လှုပ်လျက်၊ "ဆစ်စီ" ဟု ကြောက်ရွံ့စွာ အော်ဟစ်ကြ၏။
27 ယေသျှုလည်း ချက်ချင်းပင် "မကြောက်ကတ်ကေ့။ တည်ကြည်ကြလော့။ ငါရာဖြစ်၏" ဟု ပြန်ပြောလေ၏။
28 ထိုအခါ ပေတရုက "သခင်ဘုရား၊ ကိုယ်တော်သာမှန်လျှင် အကျွန်လည်း ရီထက်က လမ်းလျှောက်၍ ကိုယ်တော်ပါးသို့ လာစီခြင်းငှာ မိန့်တော်မူပါ" ဟု လှမ်း၍ ပြော၏။
29 ယေသျှုကလည်း "လာလော့" ဟု အမိန့် ပီးလိုက်သည်နှင့် ပေတရုသည် လောင်းထဲက ဆင်းကာ ရီထက်မှာ လမ်းလျှောက်၍ ယေသျှုပါးသို့ လား၏။ 30 သို့သော် သူသည် လီကြမ်းတိုက်သည်ကို သတိထားမိသဖြင့် ကြောက်စိတ်ဝင်လာ၍ ရီထဲသို့ မြုပ်လုသည်ဟိသော် "အသျှင်၊ အကျွန့်ကို ကယ်တော်မူပါ" ဟု အော်ဟစ်လေ၏။
31 ယေသျှုသည် ချက်ချင်း လက်ကို ဆန့်၍ ပေတရုကို ဆွဲကိုင်ပြီးလျှင် "ယုံကြည်ခြင်းအားနည်းသောသူ ဇာကြောင့် မယုံသင်္ကာဖြစ်နိန်လဲ" ဟု မိန့်တော်မူ၏။
32 သူရို့နှစ်ယောက်သည် လောင်းထက်သို့ ရောက်သောအခါ လီသည်လည်း ငြိမ်လေ၏။ 33 ထိုအခါ လောင်းထဲ၌ ဟိသောတပည့်တော်တိက ယေသျှုကို ကိုးကွယ်လျက် "ကိုယ်တော်သည် ဘုရားသား အမှန်ပင် ဖြစ်၏" ဟု လျှောက်ကြလေ၏။