4 ယေသျှုက "ဖန်ဆင်းသျှင်သည် အစကတည်းက ယောက်ျားနှင့် မိန်းမကို ဖန်ဆင်းတော်မူခသည်ဟူသော ကျမ်းစာကို သင်ရို့ မဖတ်ဖူးကတ်လားဟု မိန့်တော်မူ၏။ 5 ‘ဤအကြောင်းကြောင့် ယောက်ျားသည် သူ၏အမိ အဖကို စွန့်၍ သူ၏မယားနှင့် တစ်လုံးတစ်ဝတည်း ပေါင်းသင်း နီထိုင်လိမ့်မည်၊ သို့ဖြစ်၍ သူရို့နှစ်ယောက်သည် ခန္ဓာကိုယ်တစ်ခုတည်း ဖြစ်လာလိမ့်မည်’ ဟု ဘုရားသခင် မိန့်တော်မူခ၏။ 6 ထို့ကြောင့် သူရို့သည် ခန္ဓာနှစ်ခု မဟုတ်၊ တစ်ခန္ဓာတည်း ဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင် အတူတကွ ပေါင်းဖက်ထားသည်ကို လူသည် ခွဲခွါခွင့်မဟိ" ဟု မိန့်တော်မူ၏။
Publicidade