3 ဤအကြောင်းကို ဟေရုဒ်မင်းကြားသော် မင်းကြီးနှင့်အတူ ယေရုဆလင်မြို့၌ ဟိသော အပေါင်းအဖော်များသည် အလွန်စိတ်နှလုံးမငြိမ်မသက် ဖြစ်ကြ၏။ 4 ဟေရုဒ်မင်းသည် ယဇ်ပုရောဟိတ်အကြီးတိနှင့် ကျမ်းတတ်ဆရာတိအားလုံးကို ခေါ်၍ "ခရစ်တော်၂.၄ တချို့ လက်ရီးမူကျမ်းများ၌ မေသျှိယ၊ ဟု ပါဟိ၏။ကို ဇာအရပ်မှာ ဖွားမြင်လိမ့်မည်နည်း" ဟု မိန်း၏။
5 "ယုဒပြည် ဗက်လင်မြို့၌ ဖြစ်ပါ၏၊ အကြောင်းမူကား၊ ပရောဖက် ရီးထားခသည်မှာ၊
6 " ‘အို၊ ယုဒပြည် ဗက်လင်မြို့၊
သင်သည် ယုဒပြည်၏မြို့များထဲမှာ သိမ်ငယ်သောမြို့ တစ်မြို့ မဟုတ်။
ငါ၏ဣသရေလလူမျိုးတိကို လမ်းပြမည့် ခေါင်းဆောင်တစ်ယောက်သည် သင်၏အထဲမှ ပေါ်ထွန်းလာလိမ့်မည် ဟူ၍ ဖြစ်သည်’ " ဟု သူရို့က ဖြေကြ၏။
7 ထိုစကားကို ကြားသည်နှင့် ဟေရုဒ်မင်းကြီးသည် အရှိ့အရပ်က နက္ခတ်ပညာဟိများကို တိတ်တိတ်ချေ ခေါ်ပြီးလျှင် ကြယ်ပေါ်ချိန် အတိအကျကို မိန်းလေ၏။ 8 "သင်ရို့သည် လား၍ သူငယ်ကို စိ့စိ့စပ်စပ် ရှာကတ်၊ ငါလည်း သူ့ကို လား၍ ဖူးမြော်ချင်သည်ဖြစ်၍ တွိ့လျှင် ငါ့ကို ပြောကြလော့" ဟု ပြောကာ မင်းကြီးက နက္ခတ်ပညာဟိရို့ကို ဗက်လင်မြို့သို့ ရွှတ်လိုက်၏။