သီခြင်းက ထမြောက်ခြင်းနှင့် ပတ်သက်၍ မိန့်တော်မူခြင်း
23 ၂၂.၂၃ တ ၂၃.၈ ထိုနိ့၌ ဇဒ္ဒုကဲရို့သည် ယေသျှုပါးသို့ ရောက်လာကြ၏။ ထိုသူရို့က လူသည် သီပြီးလျှင် သီခြင်းက ထမြောက်ခြင်းမဟိဟု အခိုင်အမာ ယုံကြည်ကြ၏။
24 သူရို့က "ဆရာ၊ မောသျှေက အကျွန်ရို့ကို ပြောထားခသည်မှာ အချေမရဘဲ သီကျလားသည့် လူတစ်ယောက်အတွက် မျိုးဆက်မပြတ်စီခြင်းငှာ၊ ကျန်နိန်ခသော မုဆိုးမကို သူ၏ညီ တစ်ယောက်ယောက်နှင့် ပီးစပ်ရမည်ဟူ၍ ပြောကြ၏။ 25 ဂုအချိန်မှာ ဤအရပ်၌ ညီအစ်ကို ခုနစ်ယောက်ဟိပါ၏။ အစ်ကိုအကြီးဆုံးသည် လက်ထပ်ပြီး၍ အချေမရဘဲ သီလားခ၏၊ ထို့ကြောင့် ကျန်နိန်ခသည့် မုဆိုးမကို ဒုတိယညီဖြစ်သူက လက်ထပ်ယူ၏။ 26 သူသည်လည်း သူမကို လက်ထပ်ပြီးနောက် သားသမီးမရဘဲ သီလားခသဖြင့် တတိယညီက ထိုမိန်းမကို လက်ထပ်ပြန်၏။ နောက်ဆုံး ညီအစ်ကို ခုနစ်ယောက်လုံးနှင့် လက်ထပ်ပြီးသော်လည်း သားသမီးမရဘဲ ညီအစ်ကိုအားလုံး သီကျလားကြ၏။ 27 နောက်ဆုံး၌ ထိုမိန်းမပါ သီကျလား၏။ 28 ဤသို့ဖြစ်လျှင် ထိုသူအားလုံးသည် သီခြင်းက ထမြောက်လာကြသည့်အခါ ထိုမိန်းမသည် လက်ထပ်ကြသောညီအစ်ကို ခုနစ်ယောက်ထဲက ဇာသူ့မယား ဖြစ်လီပါဖို့လဲ" ဟု မိန်းကြ၏။
29 ယေသျှုက "သင်ရို့သည် ဘုရားသခင်၏တန်ခိုးကိုလည်းကောင်း ကျမ်းစာကိုလည်းကောင်း မသိကြသောကြောင့် အလွန် လွဲမှားနိန်ကြ၏။ 30 သီခြင်းက ထမြောက်ကြသောသူများသည် ကောင်းကင်တမန်များကဲ့သို့ ဖြစ်ကြပြီးလျှင် လက်ထပ်ထိမ်းမြားခြင်းကို မပြုကတ်ယာ။ 31 သင်ရို့သည် သီခြင်းက ထမြောက်ခြင်းနှင့် ပတ်သက်၍ ဘုရားသခင်၏နှုတ်ကပတ်တော်ကို တစ်ခါလည်း မဖတ်ဖူးကတ်ပါလား။" 32 "ငါသည် အာဗြဟံဘုရား၊ ဣဇာက်ဘုရား၊ ယာကုပ်ဘုရား ဖြစ်၏" ဟု မိန့်တော်မူခသည့်အတိုင်း "ဘုရားသခင်သည် သီကျလားသူရို့၏ဘုရား မဟုတ်။ အသက်ရှင်နိန်သောသူရို့၏ဘုရား ဖြစ်၏" ဟု မိန့်တော်မူ၏။
33 လူအုပ်ကြီးက ဤအကြောင်းကို ကြားကြသောအခါ သူ၏ဆုံးမဩဝါဒကို အလွန် ချီးမွမ်းအံသြကြ၏။