37 ယေသျှုက "‘သင်ရို့၏အသျှင် ထာဝရဘုရားကို မိမိ၏ စိတ်နှလုံး အကြွင်းမဲ့ ဉာဏ်ဟိသမျှနှင့် ချစ်ကြလော့။’ 38 ဤပညတ်သည် ပထမဆုံးနှင့် အကြီးမြတ်ဆုံး ပညတ်ဖြစ်၏။ 39 ထို့နောက် ဒုတိယပညတ်မှာ ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ ဖြစ်၏၊ ပထမပညတ်နှင့် တူ၏။ 40 ဤပညတ်နှစ်ပါးသည် မောသျှေ၏ပညတ္တိကျမ်းနှင့် ပရောဖက်ကျမ်းများ၏ အချုပ်ဖြစ်၏" ဟု မိန့်တော်မူ၏။
Publicidade