နှိပ်စက်ညှဉ်းဆဲခြင်းနှင့် ဒုက္ခဆင်းရဲခြင်းများ
3 ယေသျှုသည် သံလွင်တောင်ထက်မှာ ထိုင်နိန်သောအခါ တပည့်တော်ရို့သည် တိတ်တဆိတ် လာတွိ့ကြပြီးလျှင် "ဤအရာအားလုံးသည် မည်သည့် အချိန်ခါတွင် ဖြစ်လာမည်ကိုလည်းကောင်း၊ ကိုယ်တော်ပြန်ကြွလာမည့် အချိန်နှင့် ကပ်ကာလကုန်ဆုံးချိန်ကို သိနိုင်ရန် ဇာပိုင် နိမိတ်လက္ခဏာတိ ဖြစ်လာမည် ကိုလည်းကောင်း အကျွန်ရို့အား မိန့်တော်မူပါ" ဟု မိန်းလျှောက်ကြ၏။
4 ယေသျှုက "သင်ရို့သည် လိမ်လည်လှည့်ဖျားခြင်းကို မခံရစီရန် အထူးသတိပြုနိန်ကတ်ပါ။ 5 အကြောင်းမူကား လူများစွာရို့က ‘ငါသည် မေသျှိယဖြစ်၏’ ဟု ဆိုလျက် ငါ၏နာမဖြင့် ရောက်လာကြပြီးလျှင် လူများစွာတိကို လှည့်စားကြလိမ့်မည်။ 6 သင်ရို့သည် စစ်ဖြစ်နိန်ကြသည့်အကြောင်းကိုလည်းကောင်း၊ စစ်ဖြစ်နိန်ကြကြောင်း ကောလာဟလသတင်းစကားတိကိုလည်းကောင်း ကြားကတ်ရလိမ့်မည်၊ သို့သော်လည်း စိုးရိမ်ထိန့်လန့်ခြင်း မဖြစ်ကြစီခြင်းငှာ သတိထားကြလော့။ ထိုသို့သောအရာများသည် ဖြစ်လာရမည်၊ သို့သော်လည်း နောက်ဆုံးအချိန်ကား မရောက်သိမ့်။