သစ္စာဟိသောအစီခံနှင့် သစ္စာမဟိသောအစီခံ
45 "ထို့နောက် သခင်သည် မိမိအိမ်ထောင်စု၌ဟိသော အစီခံတိကို အချိန်တန်လျှင် သူရို့အတွက် စားနပ်ရိက္ခာများကို ပီးကမ်းရန် အအုပ်အချုပ် ခန့်ထားသည့် သစ္စာဟိ၍ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသော အစီခံဟူသည်ကား ဇာသူလဲ။ 46 ထိုအစီခံသည် သခင်ပြန်လာသောအခါ၌ ဤသို့ ပြုလျက်ဟိသည်ကို သခင်သည်တွိ့၏၊ ထိုအစီခံသည် မင်္ဂလာဟိလိမ့်မည်။ 47 သင်ရို့ကို ငါ အမှန်ဆိုသည်ကား သခင်သည် ထိုအစီခံအား သူပိုင်ဆိုင်သောအရာအားလုံး၏ အအုပ်အချုပ်အဖြစ် ခန့်အပ်လိမ့်မည်။ 48 သို့ရာတွင် ဆိုးယုတ်သောအစီခံသည်ကား ငါ၏သခင် ပြန်လာရန် ကြာဖို့သိမ့်ဟု စိတ်ထင်ဖြင့်၊ 49 အရက်သမားတိနှင့် သောက်စားမူးယစ်ကာ မိမိ၏လက်အောက်ငယ်သားတိကို ထုထောင်းသတ်ပုတ်ရန် စတင်လိမ့်မည်။ 50 မိမိ မျှော်လင့်မထားသောနိ့ရက်၊ မိမိ သတိမထားမိသောအချိန်၌ ထိုအစီခံ၏သခင်ပြန်လာသောအခါ 51 ထိုဆိုးယုတ်သောအစီခံကို ပြင်းထန်စွာ ပြစ်ဒဏ်ပီးပြီးနောက် သူတော်ကောင်းယောင်ဆောင်သောသူများနှင့်အတူ နီရာချလိမ့်မည်။ သူသည် ထိုနီရာ၌ အံကြိတ်၍ ငိုကျွီးနိန်ရလိမ့်မည်။