9 "ထိုအခါ လူတိက သင်ရို့ကို နှိပ်စက်ညှဉ်းဆဲခြင်းငှာလည်းကောင်း၊ အသီသတ်ခြင်းငှာလည်းကောင်း အပ်နှံကြလိမ့်မည်။ ငါ့ကြောင့် သင်ရို့ကို လူမျိုးအားလုံးက မုန်းကြလိမ့်မည်။ 10 ထိုကာလ၌ လူအများသည် ယုံကြည်မှုလွဲမှားကာ အချင်းချင်း သစ္စာဖောက်လျက် မုန်းကြလိမ့်မည်။ 11 မိစ္ဆာပရောဖက် များစွာ ပေါ်လာပြီး လူများစွာကို လှည့်ဖျားကြလိမ့်မည်။