နောက်ဆုံး တရားစီရင်ခြင်း
31 ၂၅.၃၁ က မ ၁၆.၂၇; ခ မ ၁၉.၂၈ "လူသားသည် ကောင်းကင်တမန်အားလုံးနှင့်အတူ မိမိ၏ဘုန်းတန်ခိုးတော်ဖြင့် ကြွလာတော်မူသောအခါ၊ မိမိ၏ ဘုန်းတော်နှင့်ပြည့်စုံတော်မူသော ပလ္လင်တော်ထက်၌ စိုးစံတော်မူလိမ့်မည်။ 32 လူမျိုးအပေါင်းရို့သည် ကိုယ်တော်၏ရှိ့တော်၌ စုရုံးရကြလိမ့်မည်။ ထို့နောက် သိုးထိန်းသည် ဆိတ်များထဲက သိုးများကို ခွဲထုတ်သကဲ့သို့ ကိုယ်တော်သည် လူတိကို အုပ်စုနှစ်ခု ခွဲခြားတော်မူလိမ့်မည်။ 33 ကိုယ်တော်သည် ဖြောင့်မတ်သောသူတိကို မိမိ၏လက်ယာဘက်၌လည်းကောင်း၊ တခြားသူများကို လက်ဝဲဘက်၌လည်းကောင်း ထားတော်မူလိမ့်မည်။