18 ထို့ကြောင့် ယေသျှုသည် မိမိ၏တပည့်တော်တိပါးသို့ လာ၍ မိန့်မှာတော်မူသည်မှာ၊ "ငါသည် ကောင်းကင်ဘုံ၌လည်းကောင်း၊ မြီကြီးပေါ်၌လည်းကောင်း အုပ်စိုးပိုင်သော တန်ခိုးအာဏာကို ရထားပြီးပြီ။ 19 ၂၈.၁၉ တ ၁.၈ထို့ကြောင့် သင်ရို့သည် လား၍ လူမျိုးအားလုံးကို ငါ့တပည့် ဖြစ်စီလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ယှင်းသောဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပီးကြလော့။
Publicidade