ဆားနှင့် အလင်း
13 ၅.၁၃ မာ ၉.၅၀; လု ၁၄.၃၄,၃၅ "သင်ရို့သည် ဤလောက၏ ဆား ဖြစ်ကြ၏။ ဆားသည် အငန်ဓာတ်ကင်းပျောက်လားလျှင် ၎င်းကို တဖန်ဇာပိုင် ပြန်ရဖို့သိမ့်လဲ။ အပြင်သို့ ဝေးပစ်ခြင်းခံရပြီး လူတိ ကျော်နင်းခြင်းမှတစ်ပါး တစ်ခုလည်း အသုံးမဝင်ယာ။
14 ၅.၁၄ ယော ၈.၁၂; ၉.၅ "သင်ရို့သည် ဤလောက၏အလင်း ဖြစ်ကြ၏၊ တောင်ထိပ်၌ တည်ထားသောမြို့ကို ကွယ်ဝှက်၍ မရနိုင်။ 15 ၅.၁၅ မာ ၄.၂၁; လု ၈.၁၆; ၁၁.၃၃မီးခွက်ထွန်းပြီး တောင်းနှင့် အုပ်ထားသောသူဟူ၍ မဟိ၊ တစ်အိမ်လုံးကို အလင်းရစီခြင်းငှာ မီးခွက်စင်ထက်မှာသာ တင်၍ ထွန်းထားလေ့ဟိကြ၏။ 16 ၅.၁၆ ၁ ပေ ၂.၁၂ထိုနည်းတူ လူတိုင်းသည် သင်ရို့ပြုသော ကောင်းသောအကျင့်တိကို မြင်၍ ကောင်းကင်ဘုံ၌ ဟိတော်မူသော သင်ရို့အဖကို ချီးမွမ်းစီခြင်းငှာ သင်ရို့၏အလင်းကို လူတိရှိ့မှာ လင်းကြလော့။