25 "တစ်စုံတစ်ယောက်က သင်ရို့ကို တရားစွဲရန် တရားရုံးသို့ ဆွဲခေါ်လားမည်ဆိုလျှင် တရားရုံးကို မရောက်ခင် လမ်းမှာ ထိုသူကို အချိန်မီ ကြေနပ်အောင် လုပ်လိုက်ပါ။ ထိုသို့ မဟုတ်လျှင် ထိုသူသည် သင့်ကို တရားသူကြီးလက်သို့ အပ်လိမ့်မည်။ တရားသူကြီးက သင့်အား ရဲလက်သို့ အပ်လိမ့်မည်။ ရဲတိက သင့်ကို ထောင်ထဲ၌ ချထားလိမ့်မည်။ 26 သင်ရို့ကို ငါ အမှန် ဆိုသည်ကား၊ လျော်ပြစ်ငွီဟိသမျှကို မပီးမချင်း သင်သည် ထောင်ထဲက လွှတ်လိမ့်မည် မဟုတ်။
Publicidade