44 သို့ရာတွင် အဂု သင်ရို့ကို ငါ ပြောလိုသည်ကား၊ ရန်သူကို ချစ်ကတ်ပါ။ သင်ရို့ကို ညှဉ်းပန်းနှိပ်စက်သော သူတိအတွက် ဆုတောင်းပီးကတ်ပါ။ 45 သို့မှသာ ကောင်းကင်ဘုံ၌ဟိသော သင်ရို့အဖ၏သားသမီးများ ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်သည် ကောင်းသောသူ၊ မကောင်းသောသူတိ အထက်မှာ နီရောင်ခြည်ကို ထွန်းလင်းပီးတော်မူ၏။ သုစရိုက် ပြုသောသူနှင့် ဒုစရိုက် ပြုသောသူတိ အထက်မှာလည်း မိုးကို ရွာသွန်းပီးတော်မူ၏။