26 ယေသျှုကလည်း "သင်ရို့သည် ဇာဖြစ်လို့ အကြောက်လွန်နိန်ကတ်လဲ၊ အလွန် ယုံကြည်ခြင်း နည်းကတ်တေကား" ဟု ဆိုပြီးနောက် အိပ်ရာမှ ထ၍ မုန်တိုင်းနှင့် ရီလှိုင်းကို ရပ်တန့်ရန် အမိန့်ပီးလိုက်သဖြင့် လီပြင်းမုန်တိုင်သည် ငြိမ်သက်လားလေ၏။
27 လူတိသည် အလွန်အံ့ဩကြသည်ဖြစ်၍ "ဤသူကား ဇာပိုင်လူလဲ၊ လီနှင့် လှိုင်းတိတောင် သူ့အမိန့်ကို နာခံကတ်တေကား" ဟု ပြောကြ၏။