အရာဟိသမီးတစ်ယောက်နှင့် ယေသျှု၏ဝတ်ရုံအနားပန်းဖွားကို လာတို့သောမိန်းမ
18 ယေသျှုသည် ဤအကြောင်းအရာများကို မိန့်တော်မူနိန်စဉ် ယုဒလူမျိုး အရာဟိတစ်ယောက်သည် ကိုယ်တော်ပါးသို့ ရောက်လာ၍ ကိုယ်တော်ရှိ့တော်၌ ပျပ်ဝပ်လျက် "အကျွန့်သမီး သီကျလားသည်မှာ မကြာသိမ့်ပါ၊ သို့သော်လည်း ကိုယ်တော်သည် ကြွလာ၍ သူမထက်မှာ လက်ကို တင်ပီးတော်မူပါ၊ သူမသည် အသက်ရှင်လာလိမ့်မည်" ဟု လျှောက်လေ၏။
19 ထို့ကြောင့် ယေသျှုသည် ထ၍ သူ့နောက်သို့ လိုက်လေ၏၊ ကိုယ်တော်၏တပည့်တော်တိလည်း ကိုယ်တော်နှင့်အတူ လိုက်ပါကြ၏။
20 ထိုအခါ တစ်ဆယ့်နှစ်နှစ်ကာလပတ်လုံး သွီးသွန်နာစွဲနိန်သော မိန်းမတစ်ယောက်သည် ယေသျှုနောက်သို့ လိုက်လာပြီး ကိုယ်တော်၏ဝတ်ရုံအနားပန်းဖွားကို တို့ထိလေ၏။ 21 သူမက "အကျွန်သည် ကိုယ်တော်၏ဝတ်ရုံအနားပန်းဖွားကို တို့ထိခွင့်ရလျှင် တောင်မှ ကျန်းမာလားလိမ့်မည်" ဟု မိမိကို မိမိ ပြောဆိုနိန်၏။
22 ယေသျှုသည် နောက်သို့ ပြန်လှည့်ကြည့်၍ သူမကိုမြင်ပြီး "မစိုးရိမ်ကေ့ ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစီယာ" ဟု မိန့်တော်မူ၏။ ယင်းအချိန်၌ပင် ထိုမိန်းမ၏အနာသည် ပျောက်ကင်းလားလေ၏။
23 ထိုနောက် ယေသျှုသည် အရာဟိအိမ်သို့ ရောက်လေ၏။ ကိုယ်တော်သည် အသုဘအခမ်းအနားအတွက် တီးမှုတ်နိန်ကြသူများနှင့် ရုတ်ရုတ်တ်သဲသဲ ဖြစ်နိန်ကြသောလူအုပ်ကြီးကို မြင်သောအခါ 24 ကိုယ်တော်က "အားလုံး အပြင်သို့ ထွက်ကတ်၊ ဤမိန်းမသျှေသည်ကား သီလားစွာ မဟုတ် — အိပ်ပျော်နိန်စွာရာဖြစ်သည်" ဟု မိန့်တော်မူလိုက်၏။ ထိုအခါ သူရို့အားလုံးက ကိုယ်တော့်ကို ပျက်ရယ်ပြုကြ၏။ 25 သို့သော် လူတိ ထွက်လားကြသည်နှင့်တပြိုင်နက်၊ ယေသျှုသည် မိန်းမသျှေ၏အခန်းထဲသို့ ဝင်ပြီးလျှင် သူမ၏လက်ကို ကိုင်၍ ဆွဲထူလိုက်သောခါ သူမသည် မတ်တတ်ထလေ၏။ 26 ဤသတင်းသည် ထိုဒေသတစ်ခုလုံး၌ ပြန့်နှံ့လားလေ၏။