2 လူတချို့သည် ခြီ၊ လက်သီနိန်၍ အိပ်ရာထက်၌ တုံးလုံးလှဲနိန်သောသူတစ်ယောက်ကို အထံတော်သို့ ထမ်းယူလာကြ၏။ ယေသျှုသည် ထိုသူရို့၏ကြီးမားသော ယုံကြည်ခြင်းကို မြင်သောအခါ ခြီ၊ လက်သီနိန်သူအား "ငါ့သား၊ မစိုးရိမ်ကေ့၊ သင်၏အပြစ်အားလုံးကို ခွင့်ရွှတ်ပြီးယာ" ဟု မိန့်တော်မူ၏။
3 ထို့နောက် တချို့ကျမ်းတတ်ဆရာတိက "ဤသူသည် ဘုရားသခင်ကို ပြစ်မှား ခြင်းဖြစ်သည်" ဟု မိမိရို့၏စိတ်ထဲ၌ ထင်မှတ်နိန်ကြ၏။
4 ယေသျှုက သူရို့သည် ဇာကို စဉ်းစားနိန်ကြသည်ကို သိမြင်သောကြောင့် "သင်ရို့သည် ဇာကြောင့် အေပိုင် မကောင်းသောအမှုအရာတိကို စဉ်းစားနိန်ကတ်စွာလဲ၊ 5 ‘သင့်အပြစ်ကို ခွင့်ရွှတ်ပြီးယာလို့ ပြောစွာက သာ၍ လွယ်ကူမည်လော’ သို့မဟုတ် ‘ထပြီးကေ လမ်းလျှောက်လိုက်’ ဟု ပြောစွာက သာ၍ လွယ်ကူမည်လော။ 6 လူသားသည် မြီကြီးထက်တွင် အပြစ်ရွှတ်ပိုင်ခွင့် အာဏာဟိသည်ကို ငါ သက်သီပြမည်။" ထို့ကြောင့် ကိုယ်တော်က ခြီလက်သီနိန်သူအား "ထ၍ သင့်အိပ်ရာကို ယူဆောင်ပြီးလျှင် အိမ်သို့ ပြန်လီ" ဟု မိန့်တော်မူ၏။
7 ထိုအခါ ခြီ၊ လက်သီနိန်သောသူသည် ထ၍ အိမ်သို့ ပြန်လားလေ၏။