14 သို့ရာတွင် ကိုယ်တော့်ကို ယုံကြည်မှုမဟိလျှင် ဇာပိုင် ဆုတောင်းပတ္ထနာ ပြုနိုင်မည်နည်း။ သတင်းကောင်းတရားကို မကြားလျှင် ဇာပိုင် ယုံကြည်နိုင် ဖို့လဲ။ သတင်းကောင်းတရားကို မဟောပြောလျှင် ဇာပိုင်ကြားနိုင်ဖို့လဲ။ 15 ဟောပြောဖို့လူတိကို မပို့ပီးလျှင် သတင်းကောင်းတရားကို ဇာသူ ဟောပြောနိုင်ဖို့လဲ။ ကျမ်းစာက ဆိုထားသည်မှာ "သတင်းကောင်းတရားကို ယူဆောင်လာသောသူရို့သည် အလွန် ချီးမွမ်းအံ့ဩဖွယ် ကောင်းလီစွ" ဟူ၍ ဖြစ်၏။
Publicidade