6 ၁၂.၆–၈၁ ကော ၁၂.၄–၁၁ထို့ကြောင့် ငါရို့သည် ဘုရားသခင် ပီးထားသော ကျေးဇူးတော်နှင့်အညီ မတူညီသော ဆုကျေးဇူးများကို အသုံးပြုကြရမည်။ ငါရို့၏ ဆုကျေးဇူးသည် ဘုရားသခင်၏သတင်းကောင်းကို ဟောပြောဖို့ဖြစ်လျှင် ငါရို့မှာဟိသော ယုံကြည်ခြင်းအတိုင်း ထိုသတင်းကောင်းကို ပြောကြရမည်။