6 ၁၂.၆–၈၁ ကော ၁၂.၄–၁၁ထို့ကြောင့် ငါရို့သည် ဘုရားသခင် ပီးထားသော ကျေးဇူးတော်နှင့်အညီ မတူညီသော ဆုကျေးဇူးများကို အသုံးပြုကြရမည်။ ငါရို့၏ ဆုကျေးဇူးသည် ဘုရားသခင်၏သတင်းကောင်းကို ဟောပြောဖို့ဖြစ်လျှင် ငါရို့မှာဟိသော ယုံကြည်ခြင်းအတိုင်း ထိုသတင်းကောင်းကို ပြောကြရမည်။ 7 အမှုတော်ဆောင်ဖို့ ဆုကျေးဇူးဟိလျှင် အမှုတော်ကို ဆောင်ရွက်စီ။ ဆုံးမဩဝါဒပီးဖို့ ဟိလျှင် ထိုအမှုကို ဆောင်ရွက်စီ။ 8 သူတစ်ပါးကို တိုက်တွန်းနှိုးဆော်တတ်သည့် ဆုကျေးဇူးဟိလျှင် ထိုအမှုကို ဆောင်ရွက်စီ။ ပီးကမ်းစွန့်ကြဲခြင်း ဆုကျေးဇူးဟိလျှင် ရက်ရောစွာဖြင့် ပီးကမ်းကြစီ။ အုပ်ချုပ်ဖို့ရန် ဆုကျေးဇူး ဟိသောသူသည် လုံ့လဝိရိယစိုက်၍ အုပ်ချုပ်စီ။ သူတစ်ပါးကို သနားကရုဏာထားခြင်းငှာ ဆုကျေးဇူး ဟိသောသူသည်လည်း ဝမ်းမြောက်သောစိတ်ဖြင့် ထိုအမှုကို ပြုကြစီ။