သူတစ်ပါးကို တရားမစီရင်ကေ့
1 ၁၄.၁–၆ ကော ၂.၁၆ ယုံကြည်ခြင်း အားနည်းသော သူတိကို လက်ခံကြပါ။ သို့ရာတွင် သူရို့၏ပုဂ္ဂိုလ်ရေးရာ ထင်မြင်ယူဆချက်တိကို ထိုသူရို့နှင့် အငြင်းမပွားကတ်ကေ့။ 2 လူတချို့က မည်သည့်အစာကိုမဆို စားအပ်သည်ဟု ယုံကြည်ကြ၏။ ယုံကြည်ခြင်း အားနည်းသောသူသည်ကား ဟင်းသီးဟင်းရွက်များကိုသာ စား၏။ 3 မည်သည့်အစာကိုမဆို စားသောသူသည် မစားသောသူကို မထီမဲ့မြင် မပြုကတ်ကေ့။ ဟင်းသီးဟင်းရွက်ကိုသာ စားသောသူသည်လည်း မည်သည့်အစာကိုမဆို စားသောသူကို မစီရင်ကတ်ကေ့။ အကြောင်းမူကား ဘုရားသခင်သည် သူရို့ကို လက်ခံတော်မူသောကြောင့်ဖြစ်၏။ 4 သူတစ်ပါး၏ အခိုင်းအစီတိကို တရားစီရင်သော သင်သည် ဇာသူ ဖြစ်သနည်း။ ထိုအခိုင်းအစီများသည် ကောင်းစွာ လုပ်ဆောင်သည်ဖြစ်စီ၊ မလုပ်ဆောင်သည်ဖြစ်စီ သူရို့၏သခင်နှင့် သာဆိုင်၏။ ထို့အပြင် ထာဝရဘုရားသည် သူ့ရို့ကိုကောင်းစွာ လုပ်ဆောင်နိုင်ခြင်းငှာ တတ်စွမ်းနိုင်တော်မူသည်ဖြစ်၍ သူရို့သည် ကောင်းစွာ လုပ်ဆောင်နိုင်ကြလိမ့်မည်။