11 ကျမ်းစာက မိန့်တော်မူထားသည်မှာ၊
"ငါသည် အမှန် အသက်ရှင်တော်မူသည်ဖြစ်၍
ငါ့ရှိ့၌ လူတိုင်း ဒူးထောက်ဦးချလျက်
ဘုရားသခင်ဖြစ်ကြောင်းကို နှုတ်ဖြင့် ဝန်ခံကြလိမ့်မည်" ဟူ၍ ဖြစ်၏။
12 သို့ဖြစ်၍ ငါရို့အယောက်စီတိုင်းရို့သည် မိမိရို့၏အကြောင်းကို ဘုရားသခင်အား ယှင်းပြကြရလိမ့်မည်။