ဘုရားသခင်၏ တရားစီရင်ခြင်း
1 ၂.၁ မ ၇.၁; လု ၆.၃၇ မိတ်ဆွီ၊ သင်သည် တခြားလူတိကို အပြစ်စီရင် ပါသလော၊ သင် ဇာပိုင်လူ ဖြစ်နိန်ပါစီ၊ တခြားလူတိကို အပြစ်စီရင်ပိုင်ခွင့် မဟိ။ အကြောင်းမူကား သင်သည် တခြားလူတိကို အပြစ်စီရင်ပြီးနောက် သူရို့ နည်းတူ အပြစ်လုပ်တတ်လေ့ဟိသောကြောင့် သင်သည် မိမိကိုယ်ကို အပြစ်စီရင်ခြင်းဖြစ်၏။ 2 ဘုရားသခင်က ထိုကဲ့သို့ ပြုသူများကို အပြစ်စီရင်ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု ငါရို့ သိကြ၏။ 3 သို့ရာတွင် ငါ့ မိတ်ဆွီ၊ သင်သည် ထိုသို့သောအမှုကို ကိုယ်တိုင်ပြုလျက်နှင့်ပင် တခြားလူတိကို အပြစ်စီရင်သော သင်သည် ဘုရားသခင်၏တရားစီရင်ခြင်းမှ လွတ်လိမ့်မည်ဟု ထင်မှတ်နိန်ပါသလား။